BREAKING
November 24, 2024

ဆန် နှင့် ဆီ ဈေး ငြိမ်နေတဲ့ ထားဝယ်ဈေးကွက်

September 1, 2023

ထားဝယ်တွင် ဩဂုတ်လ ၁၈ ရက်မှစ၍ ဆန်နှင့်ဆီဈေးမှာ နှစ်ပတ်ဆက်တိုက်ငြိမ်နေသည်။

ဩဂုတ်လ ၁၁ ရက်နေ့တွင် ရက် ၉၀ အကယ်ဒမီဆန်ကြမ်းတစ်အိတ်ကို ၈၆၅၀၀ ကျပ်မှ ဩဂုတ်လ ၁၈ ရက်နေ့တွင် ၉၂၀၀၀ ကျပ်သို့ဈေးတက်သွားသည်။

အကယ်ဒမီ ဆန်ကြမ်း ရက် ၉၀ မျာ ၂၄ ပြည် တစ်အိတ်ကို ဩဂုတ်လ ၁၈ ရက်မှစ၍ ယနေ့ စက်တင်ဘာ ၁ ရက်နေ့အထိ ၉၂၀၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။

ထိုနည်းတူ ပေါ်ဆန်း အကယ်ဒီမီဆန် (အစိမ်းရောင်အမှတ်တံဆိပ် ၂၄ ပြည်တစ်အိတ် ၁၃၅၀၀၀ကျပ်၊ အနီရောင်အမှတ်တံဆိပ် ၂၄ ပြည်တစ်အိတ် ၁၃၂၀၀၀ကျပ်ဖြင့် ဩဂုတ်လ ၂၅ ရက်မှစ၍ ယနေ့စက်တင်ဘာ ၁ ရက်နေ့အထိ တစ်ပတ်လုံးလုံးဈေးငြိမ်နေခြင်းဖြစ်သည်။

ယင်းအပြင် ပြည်တွင်းထုတ် စားသုံးဆီများဖြစ်သည့် ပဲဆီ(အမေထွား)၊ပဲဆီ(ဇွဲ)၊နှမ်း၊နေကြာ စသည့် ပြည်တွင်းထုတ်ဟင်းချက်ဆီများလည်း အောက်ဖော်ပြပါ ဇယားပါဈေးအတိုင်း နှစ်ပတ်ဆက်တိုက်ငြိမ်နေသည်။

သို့သော် အတက်ကြမ်းထားသည့် ရွှေဘိုပေါ်ဆန်း၊နှင့် စားအုံဆီဈေးမှာ အနည်းငယ်ပြန်ကျလာခဲ့သည်။

၂၄ ပြည်တစ်အိတ်ကို ဩဂုတ်လ ၂၅ ရက်နေ့က ၁၈၁၀၀၀ ကျပ်အထိဖြစ်ခဲ့သည့် ရွှေဘိုပေါ်ဆန်းမှာ ယနေ့စတင်ဘာ ၁ ရက်နေ့တွင် ၁၇၅၅၀၀ ကျပ်သာကျန်တော့သည်။

စားအုန်းဆီး တစ်ပုံးကို ဩဂုတ်လ ၂၅ ရက်နေ့က ၉၄၀၀၀ အထိဖြစ်ခဲ့ပြီးနောက် ထားဝယ်ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ဈေးကွက်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ခဲ့သည်။

ယနေ့ စက်တင်ဘာ ၁ ရက် နေ့တွင် အတက်မြန်သည့် စားအုန်းဆီဈေးမှာ ဆယ်ပိဿာပုံးဝါတစ်ပုံးကို ၈၅၀၀၀ ကျပ်သာကျန်တော့သည်။

ဆန်နှင့်ဆီကို သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချရန် စစ်ကောင်စီက ယခုရက်ပိုင်း တင်းကြပ်နေသည်ကိုတွေ့ရသည်။