မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့ရဲစခန်း ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှသိရသည်။
ခေါဇာမြို့ရဲစခန်းကို ယနေ့ (စက်တင်ဘာ ၁) နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF-S က ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဘက်က သေဆုံးထိခိုက်ဒဏ်ရာရသည်ဟု သိရသော်လည်း အရေအတွက်အတိအကျ စုံစမ်း နေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကမူ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဆက်လက် ထုတ်ပြန်ထားသည်။
“ပစ်ခတ်မှုဖြစ်ထားတော့ စစ်ဆေးတာတွေရှိနေတယ်။ လူတွေလည်း အသွားအလာ သိပ်မရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဆင်ဖြူစစ်ဆင်ရေးဟု အမည်ပေးထားသည့် ယခုတိုက်ခိုက်မှုသည် မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) ၏ ပထမဆုံးပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။