ထားဝယ်မြို့၊ စည်ပင်သာယာစျေး အာဇာနည်လမ်းတွင် ဆန်၊ မာမားခေါက်ဆွဲထုပ်နှင့်ကြက်ဥ လူ ၂၅၀ စာကို အလှူရှင်မိသားစုက ယနေ့နေ့လယ် ၁ နာရီခန့်က စတင်ပေးဝေနေစဉ်။
ဒေသခံများမှာ နံနက် ၁၀ နာရီမှစတင်ကာ သွားရောက်စောင့်ဆိုင်းခဲ့ပြီး အလှူပစ္စည်းများ ရယူခဲ့ကြကြောင်းသိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းလာကာ အထွေထွေကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်လာမှုကြောင့် ပြည်သူအများစုမှာ စား၊ဝတ်၊နေရေး ကျပ်တည်းနေကြပြီဖြစ်သည်။










