BREAKING
January 11, 2025

တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ

September 1, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ကပ်ဘေးစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းဖောက်ဖျက်သူ နှစ်ရာကျော်ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တိုင်းအစိုးရက ကိုဗစ်စည်းကမ်းချက်များစတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်စည်းကမ်း ဖောက်ဖျက်သူ ၂၃၁ ဦးကို အရေးယူခဲ့ကြောင်း အထက်ပါရုံး၏ စာရင်းအရ သိရသည်။

ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို

ကိုဗစ်ကာလအတွင်း သတ်မှတ် ဦးရေထက်ပိုသည့် လူစုလူဝေးမလုပ်ရန်၊ ထိုင်းနိုင်ငံမှ ပြန်လာပါက တရားဝင် နယ်စပ်ပေါက်မှသာ ဝင်ရန် ၊ KTV ဆိုင်များ ပိတ်ထားရန်စသည့် စည်းကမ်းချက်များအပြင် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြထားသည်။

အထက်ပါကာလတွင် ညမထွက် ရအမိန့်ဖောက်ဖျက်သည့်အမှု ၁၁၃ မှု၊ တရားမဝင်နယ်စပ်ပေါက်မှ ဝင်လာသည့် အမှု ၆ မှု အပါအဝင် ကျန်းမာရေးစစ် ဆေးမှုကို နှောင့်ယှက်သည့်အမှု၊ စောင့်ကြည့်စခန်းစည်းကမ်းဖောက်ဖျက်မှု အစရှိသည့် ကိုဗစ်ကာလစည်းကမ်း ဖောက်ဖျက်သည့်အမှု ၁၃၆ မှုတို့ ရှိခဲ့ပြီး လူဦးရေနှစ်ရာကျော်ကို အရေးယူထား ခြင်းဖြစ်သည်။ ၎င်းတို့အထဲတွင် ထားဝယ်ခရိုင်မှ အများဆုံးဖြစ်သည်။

လက်ရှိတွင်လည်း ကိုဗစ်ကပ်ဘေးက ဒုတိယလှိုင်းအသွင်ဖြစ်ပွားလာသဖြင့် တိုင်းအစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ကြပ်မတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ အတွင်းရေးမှူးက ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောဆိုထားသည်။

ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်

ယခင်က တရားမဝင်နယ်စပ်ဝင်ပေါက်မှ ဝင်လာသူများကို ကူးစက်ရောဂါများ ကာကွယ်နှမ်နင်းရေးဥပဒေအပြင် လဝကအက်ဥပဒေဖြင့်ပါ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း အစိုးရ က ပြောဆိုထားသည်။