BREAKING
January 16, 2025

ရေကြီးနေသဖြင့် တနင်္သာရီတွင် လျှပ်စစ်မီးအချိန်ပိုင်းသာ ပေးနိုင်မည်

August 1, 2024

ပုံစာ - ရေကြီးရေလျှံနေသည့် တနင်္သာရီမြို့ အား ဇူလိုင်လ ၂၅ ရက်ကတွေ့ရစဉ် ဓာတ်ပုံ - PTC

တနင်္သာရီမြို့နယ်တွင် မြစ်ရေတက်၍ စက်သုံးဆီ သယ်ယူရခက်ခဲခြင်းကြောင့် မြို့နယ်တွင်း လျှပ်စစ်ဖြန့်ဝေမှုကို ရေကြီးနေစဉ်ကာလအတွင်း အချိန်ပိုင်းဖြင့်သာပေးနိုင်မည်ဟု ဖိုးသီချိုလျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီက ဇူလိုင်လ ၃၁ ရက်တွင်ကြေညာသည်။

နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ တစ်ချိန် နှင့် ညနေ ၅ နာရီမှ ‌ည ၉ နာရီ တစ်ချိန် ဟူ၍ နှစ်ချိန်ခွဲကာ လျှပ်စစ်ဖြန့်ဝေပေးမည်ဟု ယင်းကုမ္ပဏီထံကသိရသည်။

” ရေကြီးစဉ်ကာလပါပဲ ၊ ဆီသယ်မရလို့ပါ ။ ဆီသယ်ရတာနဲ့ ၂၄ နာရီပြန်ပေးမှာပါ ။ အခုလည်း ရေကြီးနေပေမယ့် မီးရအောင်လုပ်ပေးထားတယ် ။ အဓိက ဖုန်းအားသွင်းရအောင် ၊ ရုံးလုပ်ငန်းတွေ အဆက်သွယ်မပြတ်ကြအောင်ပေါ့ “ ဟု ယင်းကုမ္ပဏီ မှ တာဝန်ရှိသူကပြောသည်။

ရေကြီးရေလျှံမှုကြောင့် တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဖြန့်ဝေပေးနိုင်ခြင်း မရှိဘဲ မြို့ဧရိယာပတ်ဝန်းရှိ အိမ်ခြေ တစ်ရာခန့်သာ လျှပ်စစ်မီးဖြန့်ဝေပေးထားနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ၍ လျှပ်စစ်ပစ္စည်များအား ဂရုစိုက်၍အသုံးပြုရန် နှင့် ဓာတ်ကြိုးပြတ်ကျခြင်း၊ဓာတ်တိုင်ကျိုးခြင်းများတွေ့ရှိပါကလည်း ဖိုးသီးချိုကုမ္ပဏီ၏ ရုံးဖုန်းများကို ဆက်သွယ်ပေးရန် ကုမ္ပဏီဘက်က အသိပေးထားသည်။