Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
– KNU သစ်တောဝန်ထမ်းဟောင်းကို KNLA အရာရှိနှစ်ဦးက သ တ်ဖြတ်လိုက်တဲ့အကြောင်း
– ပုလောကုန်ရွာက စစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်ကို KNDO တပ်က မိုင်းခွဲဖျက်ဆီးလိုက်တာ
– ထားဝယ်အရှေ့တော မိုင်းပေါက်မှုမှာ ဒဏ်ရာရတဲ့ကလေး အရေးပေါ်ဆေးကုသနေရတဲ့အခြေအနေ
– မြိတ်မြို့မှာ စွန့်ပစ်ထားတဲ့ ကလေးအလောင်းတစ်လောင်း တွေ့ခဲ့ရတဲ့အကြောင်း
– အခွန်ပိုရအောင်ကောက်ခံမယ်လို့ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်က ပြောဆိုလိုက်တာ
– မိုးမိတ်မြို့က စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူထားတယ်လို့ တအာင်းတပ်က ထုတ်ပြန်လိုက်တဲ့အခြေအနေ
– မတ္တရာက စစ်ကောင်စီတပ်စခန်း ၃၅ ခုကို သိမ်းပိုက်ထားတယ်လို့ မန္တလေး PDF က ထုတ်ပြန်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။