ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ငါးဆယ်နီးပါး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှသိရသည်။
မြိတ်မြို့အကျဉ်းထောင်က ယနေ့မွန်းလွဲပိုင်းတွင် အကျဉ်းသား ၂၃ ဦး၊ အကျဉ်းသူ ၉ ဦးလွှတ်မြောက်ခဲ့ပြီး မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် အကျဉ်းစခန်းက အကျဉ်းသား ၁၀ ဦးနှင့် အကျဉ်းသူ ၇ ဦးလည်း လွတ်မြောကြောင်း ၎င်းတို့က ဆိုသည်။
“အားလုံး ၄၉ ဦးလွှတ်လာတယ်။နိုင်ငံရေးအကျဉ်းသား ပါမလာဘူးလို့ကြားရတယ်”ဟု နိုင်ငံရေးကျဉ်းသားဟောင်း ဖြစ်သူ မြိတ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

နိုင်ငံရေးအကျဉ်းသား ပါမပါ သက်ဆိုင်ရာ ထောင်အာဏာပိုင်များက လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မြိတ်မြို့အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား/သူ သုံးရာဝန်းကျင် ရှိနေသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။