စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ ယနေ့ညနေပိုင်းက ပြန်လွတ်လာကြသည်ကို တွေ့မြင်ရစဉ်။
ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ အပြစ်ဒဏ်မှလွတ်ခါနီး ၆ လအောက်သာ ကျန်တော့သည့် အကျဉ်းသား/သူ စုစုပေါင်း ၃၀ ကျော် လွတ်လာခြင်းဖြစ်ဟု သိရသည်။
ထားဝယ်အကျဉ်းထောင်ထဲတွင် မတရားဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား /သူ ၄၀၀ နီးပါးအထိရှိနေဆဲဖြစ်ကြောင်း ယင်းကွန်ရက်ထံမှသိရသည်။











