BREAKING
February 24, 2025

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ပြန်ဖြစ်

August 1, 2021

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအား တိုင်းအစိုးရအဖွဲ့အဖြစ် အမည်ပြောင်းလဲလိုက်ပြီးနောက် ဦးမြတ်ကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်ကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးမြတ်ကိုသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။

ထို့အပြင် NLD အစိုးရလက်ထက်တွင် နယ်လုံဝန်ကြီးနှင့်နစက ကောင်စီလက်ထက်တွင် တိုင်းကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဇေယျကိုလည်း မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရန် ထုတ်ပြန်ထားသည်။

နကစ‌ကောင်စီက ဖွဲ့စည်းလိုက်သည့် တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်သားရေးရာဝန်ကြီးနှင့် ဥပဒေချုပ် တို့ ပါဝင်မည်ဖြစ်ကြောင်း နစက ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။