Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
– ထားဝယ်ကသံဃာတော်တွေ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်တဲ့အကြောင်း
– တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းမှာ စစ်ကောင်စီတပ်သားတွေ ပြန်လာပြီးတပ်စွဲထားတဲ့ သတင်း
– ကျိုက်ထိုက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တဲ့အကြောင်း
– မတူပီမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့အခြေအနေ
– မြိတ်မှာ သစ်သီးဈေးနှုန်း အဆမတန်မြင့်နေလို့ ရောင်းအားကျနေတဲ့အကြောင်း
– မိုးသည်းလို့ မြစ်ကြီးနားမှာရေကြီးနေပြီး မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်ပြန်ထားတဲ့အခြေအနေ အပါအဝင်
– CI စခန်းတွေ ပိတ်မယ်လို့ ထိုင်းဘက်ကထုတ်ပြန်ထားပေမယ့် မြန်မာဘက်က မညွှန်ကြားသေးတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။