BREAKING
September 19, 2024

တိုင်းအတွင်း မသန်စွမ်း မဲဆန္ဒရှင် နှစ်ထောင်ခန့်ရှိ

July 1, 2020

လာမည့်ရွေးကောက်ပွဲတွင် တိုင်းအတွင်း မသန်စွမ်းမဲဆန္ဒရှင် နှစ်ထောင့် တစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။

တိုင်းအတွင်းရှိ မသန်စွမ်းမဲဆန္ဒရှင်များတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၁၀ဝ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ဝ ဦးခန့်၊ အပြောအကြား မသန်စွမ်းသူ ၄၀ဝ ဦးကျော်ခန့်၊ ဉာဏ်ရည်မသန်စွမ်းသူ ၁၀ဝ ဦးကျော်ခန့်ရှိကြောင်း အထက်ပါရုံးမှ အတွင်းရေးမှူးက ပြောသည်။

မဲရုံသို့ လာရောက်မဲမပေးနိုင်သည့် မသန်စွမ်းမဲဆန္ဒရှင်များသည် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၎င်းက ပြောသည်။

ယခင် ရွေးကောက်ပွဲများတွင် မသန်စွမ်း မဲဆန္ဒရှင်စာရင်းကို သီးခြားကောက်ယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် မသန်စွမ်း မဲဆန္ဒရှင် ၁၂၀ဝ ကျော်ခန့်၊ မြိတ်ခရိုင်တွင် ၆၀ဝ ဦးခန့်၊ ကော့သောင်းခရိုင်တွင် ၂၀ဝ ခန့်ရှိကြောင်း အတွင်းရေးမှူးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းအတွင်း မဲရုံပေါင်း ၁၂၀ဝ ဝန်းကျင်ခန့် ရှိမည်ဖြစ်ပြီး တိုင်းအတွင်းရှိ လူဦးရေ ၁၅ သိန်းခန့်အနက် မဲပေးခွင့်ရှိသူ ၁၁ သိန်းဝန်းကျင်ရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။

တချို့သောမဲရုံများမှာ မသန်စွမ်းများ တက်နိုင်သည့် အနေအထားမဟုတ်သည့်အတွက် မသန်စွမ်းသူများ လက်လှမ်းမီနိုင်သည့် နေရာတစ်ခု စီစဉ်ပေးစေလိုပြီး ပရဟိတအဖွဲ့အစည်းတစ်ခုခုမှ မသန်စွမ်းသူများကို မဲရုံများသို့ အကြိုအပို ပြုလုပ်ပေးစေလိုကြောင်း သရက်ချောင်းမြို့နယ်မှ မသန်စွမ်းသူများအခွင့်အရေးလှုပ်ရှားသူ ကိုမျိုးမင်းဦးက ပြောသည်။

မိုးမြင့်