လူဆိုတာ စရှိ ကတည်းက ဝါဒဖြန့်ချိခြင်းဆိုတာ ရှိနှင့်ပြီးသားလို့ ယုံကြည်ကြပါတယ်။
ဒါပေမဲ့ ဝါဒဖြန့်ချိခြင်း (Propaganda) ဆိုတဲ့ စကားလုံးကိုတော့ ပထမ ကမ္ဘာစစ်မှာ စသုံးတယ်လို့ ဆိုပါတယ်။
ဝါဒဖြန့်ချိခြင်း ဆိုတာကတော့ တစ်ဖွဲ့ဖွဲ့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဩဇာလွှမ်းမိုးလိုတဲ့ အခါ သုံးပါတယ်။
တစ်ဖွဲ့ဖွဲ့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ယုံကြည်မှု၊ စိတ်နေသဘောထား၊ အပြုအမှုတွေ ပြောင်းလဲလာအောင်၊ သူတို့ လိုချင်တဲ့ အတိုင်း လှည့်စားချုပ်ကိုင်ဖို့၊ အကြောက်တရားသွင်းဖို့ ရည်ရွယ်ပြီး ဝါဒဖြန့်သူက နည်းအမျိုးမျိုးအသုံးပြုပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။




