BREAKING
April 21, 2025

ဆရာ၊ ဆရာမ ငါးရာကျော် အသစ်ခန့်

June 1, 2020

ကိုဗစ်ကာလအလွန် ကျောင်းဖွင့် ရာသီအတွက် တနင်္သာရီတိုင်းတွင် ဆရာ၊ ဆရာမ ငါးရာကျော်ကို အသစ်ခန့်ထားပြီး ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အထက်တန်းပြ ၅၂ ဦး၊ မူလတန်းပြ ၄၇၂ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ငါးရာကျော်(၅၂၄) ဦးကို အသစ်ခန့်ထား လိုက်ခြင်း ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“အဲဒါတွေခန့်ပြီးပြီဆိုတော့ ကျန်တာကတော့ အဟောင်းတွေကပဲ ဟိုကျောင်းကနေ ဒီကျောင်းတိုး၊ ပြောင်း တာတွေပဲ ရှိတယ်”ဟု ဒေါ်မြင့်စိန်က ပြောသည်။

အထက်တန်းပြအဖြစ် ပညာရေး တက္ကသိုလ်ဆင်း ပညာရေးဘွဲ့ရ(B.Ed) များ၊ မူလတန်းပြအဖြစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းဆင်း(PPTT)၊ လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာသင်တန်းဆင်း (DTEd) တို့ကို ခန့်အပ်ခြင်း ဖြစ်သည်။

တိုင်းပညာရေးမှူးရုံး၏ ၂၀၁၉ ခုနှစ် ဧပြီလအထိ စာရင်းအရ တနင်္သာရီတိုင်း တွင် ဆရာ၊ ဆရာမ တစ်သောင်းကျော် (၁၂၉၁၇) ဦးရှိသည်။

ကျော်သူစိုး