BREAKING
September 20, 2024

အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး

June 1, 2020

တနင်္သာရီတိုင်းတွင် အဆင့်တိုး အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး ရှိကြောင်း အခြေခံပညာ ဦးစီးဌာနက မေလ နောက်ဆုံးအပတ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အထက်တန်းအဆင့်သို့ ၉ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၇ ကျောင်း၊ အလယ်တန်း ၁၀ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁၇ ကျောင်း၊ မူလတန်းလွန် ကျောင်း ၉ ကျောင်း၊ မူလတန်း ၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၃ ကျောင်း စုစုပေါင်း ၅၈ ကျောင်း အဆင့်တိုးခဲ့ သည်။

ကျောင်းသားဦးရေများသည့် ကျောင်းများ၊ သွားလာရခက်ခဲသည့် ဒေသမှ ကျောင်းများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မေးမြန်းရာတွင် ခွင့်ပြု ချက်ရသွားသည့်ကျောင်းများ စသည် တို့ကို အဆင့်တိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းပညာရေးမှူးရုံးသို့မူ မေလ ၂၆ ရက်အထိ အဆင့်တိုးကျောင်းများ စာရင်း တရားဝင်မရောက်လာသေး ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ပြောသည်။

ဆရာ၊ ဆရာမ ရာထူးတိုး၊ ပြောင်း ကိစ္စကို အားလုံးပြီးစီးမှ အဆင့်တိုး ကျောင်းများတွင် ခန့်အပ်သည့်ကိစ္စ စီစဉ်ရမည်ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

ထုတ်ပြန်ထားပြီးသေား ရာထူး၊ တိုးပြောင်း စာရင်းတွင် မပါသော ဆရာ၊ ဆရာမများသည် အဆင့်တိုးကျောင်းများ အတွက် နောက်ထပ် အတိုး၊ အပြောင်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ကျော်သူစိုး