ထားဝယ်မြို့ ၊ တလိုင်းထိန်ရပ်ကွက်ရှိ သက်တမ်းရှည် မားစောပို့(ခ)မားကျော့ တရုတ်ဘုရားကျောင်းက နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ် ပူဇော်ပွဲကို ဧပြီလ ၃၀ ရက်စ၍ မေလ ၂ ရက်အထိ ဘုရားကျောင်းဝင်းအတွင်း နဂါး၊ခြင်္သေ့၊ အရုပ်အကများဖြင့် ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
ပွဲတော်ရက်တွင်လာရောက်ပူဇော်ကန်တော့သူများအပြင် မုန့်အာဟာရ လာရောက်လှူဒါန်းနေသူများလည်းရှိကြောင်း ပူဇော်ပွဲသွားရောက်သူများက ဆိုသည်။
ဟုတ်လင် မားစောပို့ ဘုရားကျောင်းသည် ၁၈၇၄ ခုနှစ်တွင် သစ်သားကျောင်းဆောင်ဖြင့် စတင်တည်ဆောက်ခဲ့၍ ယနေ့တွင် နှစ် ၁၅ဝ သက်တမ်းသို့ရောက်ရှိပြီဖြစ်သည်။










ပင်လယ်ပြင်ကိုစောင့်ရှောက်သည်ဟု တရုတ်လူမျိုးများယုံကြည်ကိုးကွယ်သော မားကျော့မယ်တော်ကို ထားဝယ်နှင့် မြိတ်ဒေသတွင် မားစောပို့မယ်တော်ဟု ခေါ်ဝေါ်ကြသည်။
မြိတ်မြို့တွင်လည်း မေလ ၁ ရက်တွင်ပင် ၊ မားစောပို့ မယ်တော်မြို့တွင်း လှည့်လည်ပူဇော်ပွဲကို ကျင်းပနေသည်။
Photo – Dawei Watch