Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့ငလျင်ဘေး ဧပြီလ ၁ ရက်နေ့အထိ ရရှိထားတဲ့ သတင်းအနှစ်ချုပ်တွေအကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာမှာ ကင်းထောက်လေယာဉ်ဝဲနေလို့ ဗုံကြဲမှာကို ဒေသခံတွေစိတ်ပူနေတာ
- ပုလောမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့အခြေအနေ
- မြိတ် တုံးဗျောရွာမှာ စစ်ကောင် ရိက္ခာစီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အကြောင်း
- စစ်ကောင်စီက သယ်ယူခွင့်ပိတ်ထားလို့ တကူနဲ့ သာရဘွင်ရွာတွေမှာ ဆန်ပြတ်လုနီးပါးကြုံနေရတဲ့အခြေအနေ
- စစ်ကောင်စီက သယ်ယူခွင့်ပိတ်ထားလို့ တနင်္သာရီမြို့နယ်က ကွမ်းသီးခြောက်ဈေးတွေ ကျဆင်းလာနေတာ
- ထိုင်း- မြန်မာနယ်စပ် မောတောင်မြို့မှာ တောမီးလောင်နေတာ လေးရက်ဆက်ရှိလာနေပေမယ့် ငြှိမ်းသတ်ပေသူမရှိတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။