အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က မြန်မာငလျင်ဒဏ်သင့် ပြည်သူများအား ဒေါ်လာ ၃ သန်း ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။
လှူဒါန်းငွေကို အာရှပစိဖိတ် ဘေးအန္တရာယ်တုံ့ပြန်ရေးရန်ပုံငွေ(APDRF) အောက်က ပေးအပ်ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ချက်ချင်းပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေးတွင် လှူဒါန်းငွေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးထောက်ပံ့မှုနှင့် အမိုးအကာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နောက်ထပ် အကူအညီများ ထပ်မံလိုအပ်လာပါကလည်း အာရှဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအောက်က ထပ်မံပေးအပ်သွားရန် စီစဉ်ထားကြောင်း ADB ၏ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာချုပ် Winfried Wicklein ကပြောသည်။