ရစ်(ခ်) တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီး သေကြေမှု အလွန်များပြားခဲ့သည်။
သေဆုံးဒဏ်ရာရမှု စာရင်းအချိန်နှင့်အမျှ မြင့်တက်နေပြီး ပြိုကျနေသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများစွာရှိနေကာ အခက်အခဲများစွာဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။
ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ၊ ငလျင်လှုပ်ခတ်မှု၊ ပြည်ပနိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိမှု အခြေအနေ ကိန်းဂဏန်းများကို စုစည်းဖော်ပြအပ်ပါသည်။










