BREAKING
April 2, 2025

မန္တလေး၊ ကွန်ဒိုပြိုကျမှုတွင် ၅ ရက်ကြာ ပိတ်မိနေသော ကြောင်လေးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်

April 1, 2025

မန္တလေးတွင် Sky Villa ကွန်ဒိုပြိုကျမှုတွင် အပျက်အစီးများအောက် ငါးရက်ကြာ ပိတ်မိနေသော ကြောင်လေးတစ်ကောင်ကို ယနေ့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကြောင်လေးကို အသက်ရှင်လျက် ကယ်တင်လာပုံကို အနီးရှိ အမျိုးသမီးတစ်ဦးက ဗီဒီယိုမှတ်တမ်းရယူပြီး Facebook စာမျက်နှာပေါ်တွင် မျှဝေပေးခဲ့ခြင်းဖြစ်သည်။

“အသက်မသေပဲ ပြန်ထွက်လာသော ကြောင်ကလေးပါရှင်။ ကံကြီးပါတယ်။ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲပဲ” ဟု မြင်တွေ့ရသူ မမေစန္ဒာမြင့်က ဆိုသည်။

လက်ရှိတွင် ကြောင်လေးကဲ့သို့ မိသားစုဝင်များလည်း အပျက်အစီးများအောက် ပိတ်မိနေဆဲဖြစ်သဖြင့် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကြစေရန် ဆုတောင်းကြောင်း စာမျက်နှာတွင် ရေးသားထားသည်။