BREAKING
April 2, 2025

ငလျင်ဒဏ်သင့်သူ ရှစ်သန်းခွဲကျော်ရှိကြောင်း NUG ထုတ်ပြန်

April 1, 2025

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်သူ ရှစ်သန်းခွဲကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဧပြီလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ငလျင်ဘေးဒဏ်သင့်သူ ယနေ့အထိ ရှစ်သန်းခွဲကျော် (၈,၅၆၂,၅၅၅ ဦးခန့်) ရှိပြီး သေဆုံးသူ ၂၄၀၀ နီးပါး (၂,၃၉၅ ဦး) ရှိကြောင်း ဖော်ပြသည်။

စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းအရှေ့မြောက်ဒေသတို့တွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခြင်း၊ မြေထဲကျွံဝင်ခြင်း၊ တံတားများ ကျိုးကျခြင်း၊ လမ်းများ မြေအက်ကွဲကြောင်းကြီးများ စသည်တို့ ဖြစ်ပေါ်ခဲ့သည်။

ယနေ့ ဧပြီလ ၁ ရက်အထိ နောက်ဆက်တွဲငလျင်များ ဆက်လက် လှုပ်ခတ်နေဆဲဖြစ်ပြီး ငလျင်အကြိမ်ရေ ၅၁ ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။