အမေရိကန်ပြည်ထောင်စုက မြန်မာငလျင်ဒဏ်သင့်ဒေသများကို ကူညီရန် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးထားပြီး ကူညီဆောင်ရွက်ပေးမည့် USAID ပညာရှင်များလည်း မြန်မာနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း အစိုးရက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။
အထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ရေရရှိမှုကို အဓိကကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်မီဘရုစ် ကပြောသည်။
မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လည်း အမေရိကန်အစိုးရက ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများနှင့်အတူ ဝမ်းနည်းကြောင်း ဆိုသည်။
လက်ရှိတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာပြည်သူများ၏ လိုအပ်ချက်များကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလို ထပ်မံပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံထဲသို့ ရုရှား၊ တရုတ်နှင့် အခြားအာဆီယံနိုင်ငံတချို့ ဝင်ရောက်ကူညီနေပြီဖြစ်သဖြင့် အမေရိကန်အကူအညီ နှောင့်နှေးနေသည့်အပေါ် မေးခွန်းထုတ်မှု ပိုများလာနေသည်။