BREAKING
April 2, 2025

ငလျင်ဒဏ်သင့် မန္တလေးမဟာမြတ်မုနိ

April 1, 2025

ဓာတ်ပုံ - Kavinda။

မန္တလေးမြို့ ရှိ မဟာမြတ်မုနိဘုရားကြီးသည် မတ်လ ၂၈ ရက် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် မြင်ကွင်းများအား ဖော်ပြလိုက်ပါသည်။

မြင်တွေ့ရသည့် မှတ်တမ်းဓာတ်ပုံများတွင် မဟာမြတ်မုနိ ဘုရားကြီး၏ ဦးခေါင်းမကိုဋ်တွင် ကျိုးနေပြီး ဂန္ဓာကုဋီကျောင်းဆောင်နှင့် ပြတိုက်တွင်လည်း ပြိုကျပျက်စီးနေမှုများကိုတွေ့ရသည်။

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ် အဆောက်အအုံ ၁၃၅ လုံး ပျက်စီးသွားသည်ကို မတ်လ ၃၁ ရက်အထိ အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း ရှေးဟောင်းယဥ်ကျေးမှု မှတ်တမ်းများအား သုတေသန လုပ်နေသည့် ကိုဇေမျိုးလင်းက ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။