BREAKING
September 20, 2024

တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ကော့သောင်းတွင် လူအချို့ အဖမ်းခံရ

April 1, 2021

ကော့သောင်းမြို့တွင် မတ်လ ၃၁ ရက် ညနေပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် အနည်းဆုံးသုံးဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ရွှေဇင်ယော်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးဇင်မျိုးနှင့် အေးမြကန်သာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးဟောင်း ဦးဂျပန်အပါအဝင်း အနည်းဆုံး သုံးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ ထံမှ သိရသည်။

ဧည့်စာရင်းစစ်ဆေးမည်၊ လက်နက်ရှာဖွေမည်ဟုဆိုကာ ရှေ့နေ ဦးနေမျိုးအိမ်အားရှာဖွေပြီး ကွန်ပျူတာနှစ်လုံးကိုပါ သိမ်းဆည်းသွားကြောင်း မိသားစုဝင်းတစ်ဦးကဆိုသည်။

“ဘာကြောင့်ဖမ်းတယ်၊ ဘယ်ပုဒ်မနဲ့တရားစွဲမယ်ဆိုတာ မသိရသေးဘူး” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။

ကော့သောင်းမြို့ခံအချို့ကမူ ဦးဇင်မျိုးသည် ရွေးကောက်ပွဲကာလက NLD ပါတီနှင့် အဆက်အသွယ်ရှိခြင်း၊ ဆန္ဒပြပြီးအဖမ်းခံရသူများကို ဥပဒေအကြံပေးခြင်းဖြင့် ကူညီပေးနေသူဖြင့်သောကြောင့် ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးပြောဆိုကြသည်။