ထားဝယ်မြို့ စာမေးပွဲဖြေပြီးနောက် အိမ်ပြန်မလာဘဲ ထွက်သွားသည့် ၇ တန်းကျောင်းသူတစ်ဦး သုံးရက်ကြာသည်အထိ ရှာမတွေ့သေး ကြောင်း မိသားစုဝင်များကပြောသည်။
ပျောက်ဆုံးနေသူမှာ အသက် ၁၆ နှစ်အရွက်ရှိ မလှိုင်မိုးဝေဖြစ်ပြီး ထားဝယ်မြို့ ဥသာရံ စာသင်ကျောင်းတွင် ၇ တန်း တက်ရောက်နေသူဖြစ်ကြောင်းသိရသည်။
မလှိုင်မိုးဝေသည် ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက ၇ တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေပြီးချိန် ဦးလေးဖြစ်သူက ဥသာရံ ကျောင်းတွင်သွားကြိုစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အဒေါ် ဖြစ်သူကပြောသည်။
“ဖြစ်ဖြစ်ချင်း ဖုန်းဆက်ရသေးတယ်။ သူ အပြင်မှပဲနေမယ် သူ့သူငယ်ချင်းတွေ နဲ့ အလုပ်လုပ်တော့မယ်လို့ ပြောပြီး ဖုန်ချပစ်လိုက်တယ်။ နေရာမေးတော့လည်းမပြောဘူး။ ဖုန်းဆက် လည်းမရတော့ဘူး သူ့သူငယ်ချင်းအချို့ ဆီမှာလည်း မရှိဘူး ကျောင်းနားပတ်ဝန်းကျင်က ရပ်ကွက်မှာ ကျွန်မတို့ရှာ နေတာလည်း နှစ်ရက်ရှိပြီး သွေးဆောင်ဖြားယောင်းခံရပြီး တစ်ခုခုဖြစ်မှာပဲ စိုးရိမ်တယ်”ဟု အဒေါ်ဖြစ်သူကပြောသည်။
မလှိုင်မိုးဝေသည် လောင်းလုံးမြို့နယ် သဲပုံရွာတွင် အဒေါ်ဖြစ်သူမိသားစုနှင့်အတူ ၂ နှစ်အရွယ်ကတည်းက နေထိုင်နေသူဖြစ်သည်။
မလှိုင်မိုးဝေသည် ငယ်ရွယ်သည့် ကျောင်းသူဖြစ်ခြင်းကြောင့် ခေါ်ယူထားခြင်းများရှိ ပါက အုပ်ထိန်းသူ၏ ၀၉၂၅၄၃၃၇၅၅၅၉ နှင့်၀၉၂၅၃၈၄၇ ဖုန်းနံပါတ်များသို့ ဆက်သွယ်အပ်နှံပေးရန် မိသားစုက တောင်းဆိုထားသည်။
အကယ်၍တစ်စုံတစ်ဦးမှ ဖြားယောင်းသွေးဆောင် ခေါ်ယူထားပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။