ထားဝယ်မြို့ ၊ ဘုရားကြီးပရဝဏ်အနီး တည်ရှိသည့် မရမ်းပင်ကျောင်းတွင် ပန်းမွေ့ရာပူဇော်ပွဲနှင့် ထားဝယ်ရိုးရာ မုန့်စတုဒီသာ အလှူပွဲကို ယနေ့ (မတ်လ ၁ ၊ တပေါင်းလဆန်း ၃ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မင်းတုန်းမင်း၏ မိဖုရားကြီးဆင်ဖြူမရှင်(ထားဝယ်သူ) က ပစ္စည်းလေးပါး ဒါယိကာမခံ၍ ကိုးကွယ်ခဲ့သော ပျံလွန်တော်မူသွားပြီဖြစ်သည့် မရမ်းပင်ကျောင်းတိုက် မူလဆရာတော်ကြီးအား ပန်းမွေ့ရာခင်း၍ ဆရာတော်အစဥ်အဆက် ပူဇော်ပွဲ ကျင်းပကြခြင်းဖြစ်သည်။
ပန်းမွေ့ရာပူဇော်ပွဲနှင့်အတူ စတုဒီသာ အလှူအဖြစ် ထားဝယ်ရိုးရာမုန့်များကို လှူဒါန်းကျွေးမွေးခဲ့ကြသည်။
တပေါင်းလဆန်း( ၃ ) ရက်နေ့တိုင်း ပန်းမွေ့ရာပူဇော်ပွဲနှင့် ရိုးရာမုန့်စတုဒီသာ အလှူကို မရမ်းပင်ကျောင်းတွင် နှစ်စဥ် ပြုလုပ်ကျင်းပလေ့ရှိသည်။








