လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာ ထားဝယ်မြစ်ကမ်းဘေးရှိ ပုစွန်အအေးခန်းစက်ရုံဟောင်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်စ၍ မီးလောင်နေခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။
“အအေးခန်းဟောင်းပါ၊ မီးလောင်နေတာက တော်တော်များတယ်”ဟု ၎င်းကပြောဆိုသည်။



မီးလောင်သည့်အကြောင်းအရင်းကို အသေးစိတ်မသိရသေးပေ။
မီးလောင်ရာသို့ ထားတယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ဇမ္ဗူသီရိအဖွဲ့၊ ထားဝယ်မြို့ကြက်ခြေနီ အဖွဲ့ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဝိုင်းဝန်း မီးငြှိမ်းသတ် နေကြောင်း ဒေသခံတို့ထံမှ သိရသည်။