BREAKING
February 1, 2025

နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် သရက်ချောင်းတွင် ချီတက်ဆန္ဒပြ

February 1, 2025

ဓာတ်ပုံ - DDMSC

သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁)​ မနက်ပိုင်းတွင် “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်​ဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည် ။

လောင်းလုံးမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် လူထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြခဲ့ကြသည် ။