BREAKING
February 1, 2025

ဘန်ကောက်၊ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် လက်မခံကြောင်း ဆန္ဒထုတ်ဖော်

February 1, 2025

ဓာတ်ပုံ - ပေးပို့

စစ်အာဏာသိမ်းကာလ လေးနှစ်ပြည့်သည့် ယနေ့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်မခံကြောင်း ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲကို ထိုင်းတက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် Milk Tea Alliance အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“အရေးတော်ပုံအောင်ရမည်” “စစ်အာဏာသိမ်းမှု အလိုမရှိ” စသော ဘန်နာများဖြင့် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ အတူတကွ စစ်ကောင်စီကို ဆန္ဒပြခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြင် ထိုင်းရောက်မြန်မာနိုင်ငံသားများအပေါ် အမုန်းတရား ဖြန့်ဝေမှုများ မပြုလုပ်ကြရန်လည်း တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။