နွေဦးတော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလမ်းလျှောက်ချီတက်ပွဲကို လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် အဆိုပါလမ်းလျှောက်ပွဲတွင် ဒေသခံတစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့သည်။
“လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ဆိုသော ဘန်နာကိုင်ဆွဲပြီး ၆ မိုင်ကျော်အကွာအဝေးကို လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းလှုပ်ရှားမှုအတွင်း နွေဦးတော်လှန်ရေးလေးနှစ်ပြည့် အထိမ်းအမှတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာများတွေရွတ်ဖတ်ခြင်း စသည်တို့ကို ထည့်သွင်းပြုလုပ်ခဲ့သည်။