မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသားများ ရပ်တည်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် Milk Tea သပိတ်ကို ပြုလုပ်ခဲ့ကြသည်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်သည့် ယနေ့(ဖေဖော်ဝါရီ ၁) ညနေပိုင်းတွင် ယင်းသပိတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက ရုန်းကန်ကြိုးစားလာခဲ့ရသော မြန်မာနိုင်ငံသားများနှင့်အတူ စည်းလုံးမှုကို ပြသသည့်အနေဖြင့် Milk Tea 4 Peace ကို ကျင်းပခဲ့ခြင်းဖြစ်သည်။
Milk Tea မှတစ်ဆင့် လွတ်လပ်ရေးရပြီး ငြိမ်းချမ်းမှုရရှိရန် ရည်ရွယ်ကြောင်း သိရသည်။
သပိတ်ပွဲတွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ် Kannavee Suebsang လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
ယင်းပွဲတွင် Milk Tea၊ ထိုင်းလက်ဖက်ရည်များအပြင် မြန်မာလက်ဖက်သုပ်များကိုလည်း ကျွေးမွေးခဲ့သည်။






