စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို အာဏာသိမ်း ၃ နှစ်ပြည့်သော ယနေ့တွင် မြန်မာနိုင်ငံအနှံ့ ပြုလုပ်နေပြီး ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ၊ ရပ်ကွက်အချို့ နှင့် ဖောင်းတောရွာလမ်းမတန်း အခြေအနေကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီနောက်ပိုင်း မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံအနှံ့တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရန်အတွက် ယနေ့ မနက် ၁၀ နာရီမှညနေ ၄ နာရီအတွင်း အိမ်အပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။




