အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြရာ ကံပေါက်ဒေသတွင်လည်း အသွားအလာကင်းမဲ့ တိတ်ဆိတ်ခြောက်ကပ်ကာ သပိတ်ဆင်နွှဲနေကြသည်ကို တွေ့ရသည်။
စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။ သပိတ်ကို နံနက် ၁ဝနာရီမှ ညနေ ၃နာရီအထိ ဆင်နွှဲနေကြခြင်းဖြစ်သည်။




