အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြသည်။
စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို နံနက် ၁ဝနာရီမှ ညနေ ၃နာရီအထိ ဆင်နွှဲနေကြခြင်းဖြစ်သည်။
ထားဝယ်ဒေသတွင်လည်း သပိတ်ဆင်နွှဲနေကြသဖြင့် မြို့ပေါ်တွင်အသွားအလာတိတ်ဆိတ်ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြအပ်ပါသည်။














