BREAKING
September 7, 2024

မွန်

သံဖြူဇရပ်တွင် နှစ်ပတ်အတွင်း ဒေသခံငါးဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

Dawei Watch

September 6, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့် ရဲတံခွန်ကျေးရွာဘက်တွင် နှစ်ပတ်အတွင်း ဒေသခံ ငါးဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက်နှင့် အနီးနားကျေးရွာတို့တွင် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအနီးအနားတို့တွင် တပ်စွဲထားသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းတို့ကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ တပ်စွဲထားသည့်နေရာတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွား လာပြီးနောက် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ်လည်း ဆက်တိုက်ဖြစ်ပွားလာသည်။ ဩဂုတ်လနောက်ဆုံးအပတ်နှင့် စက်တင်ဘာလပထမအပတ်အတွင်းတွင် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်းကျေးရွာ အနီးဝန်း ကျင် ရော်ဘာခြံတို့တွင် အမျိုးသားသုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလားတူ အောင်သာယာကျေးရွာတွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတို့က ဆိုသည်။ မြေမြှုပ်မိုင်းနင်းမိသူများသည် ရွာအနီးဝန်းကျင်ရှိ ရော်ဘာခြံတို့တွင် […]

ပေါင်တွင် လူငယ်လေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

Dawei Watch

September 4, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် လူငယ်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က လူငယ် ၁၀ ဦးခန့်သည် သဗြုချောင်ကျေးရွာဈေးတွင် ဝိုင်းဖွဲ့စားသောက် နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။ ယင်းသို့ရောက်ရှိလာချိန်တွင် လူငယ်အချို့က ထွက်ပြေးသည်ကို စစ်ကောင်စီတပ်ဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၉ အရွယ် ကိုစူပါထောဆိုသည့် လူငယ်၏ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည့် ကိုစူပါထောနှင့် ထွက်မပြေးဘဲ ကျန်ခဲ့သည့် အသက် ၃၀ နှစ်ရှိ ကိုအောင်မင်းထွန်း၊ အသက် ၁၆ နှစ်ရှိ မောင်ကျော်ထက်ဦး၊ အသက် ၁၈ နှစ်ရှိ […]

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် မွန်ရွာအချို့တွင် စတင်လုပ်ဆောင်

Dawei Watch

September 3, 2024

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ မွန်ရွာအချို့ တွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များကို လူစုခိုင်းနေကြောင်း မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကပြောသည်။ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ကို ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းပြီးနောက် ရပ်ကျေးအဆင့်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် မြို့နယ်မှတစ်ဆင့် ဖိအားပေးလုပ်ဆောင်နေခြင်းဟုဆိုသည်။ ” စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ကြီးစိုးတဲ့ အာယုတောင်ရွာ ဘက်မှာ လူစုနေတာမျိုးရှိတယ် ။ တောင်ဘုံ နဲ့ တောင်ပြင် ရွာတွေမှာ ဆိုရင် ဦးရေ ခုနစ်ဆယ် နီးပါးစုပေးဖို့ ‌ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ ဖိအားပေးခံရတာမျိုးရှိနေတယ် ။ ကရင်ပြည်နယ်က မွန်ရွာအချို့မှာလည်း အလားတူ ဖိအားပေး လူစုတာတွေ စလုပ်နေတယ် ” ဟု […]

လမိုင်းမြို့က ယုဇနရွှေဆိုင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိ ရွှေထည်များ ဓားပြတိုက်ခံရ

Dawei Watch

September 3, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့စျေးတွင် ဖွင့်လှစ်ထားသည့် ယုဇနအာမခံစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ထားသည့် လူတစ်စုက ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်း ကျပ်သိန်းထောင်ချီ ပါသွားသည်ဟု နီးစပ်သူနှင့် မြို့ခံတို့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၃) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လမိုင်းမြို့ဈေးရှိ ယုဇနအာမခံစိန် ရွှေရတနာဆိုင်တွင် ရွှေထည်ပစ္စည်းများ ခင်းရန် ပြင်ဆင်နေချိန် အမျိုးသားလေးဦးက ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။ “ဆိုင်ရှင်က ဆိုင်ကိုရောက်တဲ့အချိန်မှာ သူတို့က သေနတ်ပစ်ဖောက်ပြီးတော့ ဝင်လာတယ်။ အဲမှာ ရွှေတွေကို ပုံးလိုက် ယူပြီး ထွက်သွားတယ်။ ဆိုင်ကယ်မောင်းပြေးသွားတယ်။ ဆိုင်ကယ်က ရှေ့မှာပဲ ရပ်ထားတယ်။ သူတို့ ဘယ်ကတည်းက ရောက်နေလဲ မသိဘူး” ဟု နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။ လုယက်ခံရမှုကြောင့် […]

သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

Dawei Watch

September 2, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၁ ရက်နေ့ ညက ခရီးသည်ယာဉ်ငယ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ ခရီးသည် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယမန်နေ့ ည ၈ နာရီခွဲခန့်က ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ငယ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည်တင်ယာဉ်ငယ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း ဖြိုးဝေကျော်နှင့် ခရီးသည်အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသားတစ်ဦးကတော့ သေသွားတယ်။ ဒဏ်ရာရတာက အမျိုးသမီးလေးဦး၊ အဲဒီအထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ […]

ရေးနှင့် သံဖြူဇရပ်တွင် စစ်ကောင်စီတပ် ဆက်တိုက်တိုက်ခိုက်ခံနေရ

Dawei Watch

August 30, 2024

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုလည်း များပြားကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ ယမန်နေ့ (ဩဂုတ် ၂၉) နံနက်ပိုင်းက ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ရွာတွင် တပ်စွဲထားသည့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ (NMSP-AD)၊ YPDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။ NMSP-AD ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “မနေ့က ကွမ်ကျိုက်ရွာ တစ်ပလ္လင်သုံးဆူဘုရားမှာ တပ်စွဲထားတဲ့ စကစကို ကျွန်တော်တို့ ပူးပေါင်တပ်ဖွဲ့တွေက ဝင်တိုက်တာ တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ်။ စစ်ကောင်စီဘက်က ၁၀ […]